Wednesday, December 1, 2010

ရန်ကုန်က ပြည်သူ့လွှတ်တော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်သူ့လွှတ်တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ ပြည်သူ့လွှတ်တော် အဆောက်အဦ နေရာကို တိုင်းအဆင့် အစိုးရရုံးကြီး လေးရုံးအဖြစ် ပြောင်းလဲ ဖွင့်လှစ်တော့မည်ဟု သတင်းရရှိသည်။

အဆိုပါ တိုင်းရုံးကြီး လေးရုံးမှာ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဦးစီးဌာနရုံး နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံး တို့ ဖြစ်ကြသည်။

အဆိုပါ ရုံးများ အနေဖြင့် လွှတ်တော်အဆောက်အဦ နေရာကို အောက်တိုဘာလထဲတွင် စတင်၍ ရုံးအဖြစ် အသုံးပြုတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် အဆောက်အဦသည် ၁၉၇၀ ပြည့်နှစ် ခန့်က ဆောက်လုပ်ခဲ့သော မြန်မာနိုင်ငံ၏ အလှပ ခေတ်အမီဆုံး ရုံးများထဲတွင် တစ်ရုံးအပါအ၀င် ဖြစ်ပါသည်။

No comments: